Breaking News

ကျောင်းဝင်ခွင့်သတ်မှတ်ချက်များ

လျှောက်ထားသူသည် 

(က)၂၀၂၂ ခုနှစ်တွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အောင်မြင်ပြီးသူ ဖြစ်ရမည်။

(ခ) အစိုးရနည်းပညာကောလိပ်များသို့ ဝင်ခွင့်လျှောက်ထားလိုသူများသည် အောက်ပါအရည်အချင်းများ နှင့်     ပြည့်စုံရမည်။

  • တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူသည် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်(နိုင်)/ (ပြု)/ (ဧည့်) ကိုင်ဆောင်ထားသူ ဖြစ်ရမည်။
  • ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် သင်္ချာ၊ ဓာတုဗေဒနှင့် ရူပဗေဒ ဘာသာရပ်များ ပါဝင်သော မည်သည့် ဘာသာတွဲများဖြင့်မဆို အောင်မြင်ပြီးသူဖြစ်ရမည်။
  • ကျန်းမာရေးကောင်းမွန်ပြီး လက်တွေ့လုပ်ငန်းများနှင့် စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီများသို့ ကွင်းဆင်း ဆောင်ရွက် နိုင်သူ ဖြစ်ရမည်။
  • သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပြီး သင်တန်းကာလ (၄) နှစ်လုံး ပြီးစီးအောင်မြင်သည့်အခါ B.Tech ဘွဲ့ကို တိုက်ရိုက်အပ်နှင်း ချီးမြှင့်မည်ဖြစ်သည်။

(ဂ) သင်ကြားခွင့်ပြုမည့် ဦးစားပေး အထူးပြုဘာသာရပ်ကို B.Tech (Civil, Mechanical, Electrical Power)ဘွဲ့များအတွက် ကျောင်းသား၊ ကျောင်းသူ၏ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် (အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ) (၄)ဘာသာပေါင်းရမှတ် (လိုအပ်ပါက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ စုစုပေါင်းရမှတ်) နှင့် ကျောင်းသား၊ ကျောင်းသူ၏ ဦးစားပေး လျှောက်ထားမှုနှင့် သက်ဆိုင်ရာ ပညာရပ်အတွက် ကျောင်းသား၊ ကျောင်းသူလက်ခံနိုင်မှု ဦးရေကန့်သတ်ချက်အပေါ်တွင် မူတည်၍ ခွဲဝေသတ်မှတ်ပေးမည်။


၀င်ခွင့် လျှောက်ထားရန် လိုအပ်ချက်များ

  • လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)။
  • ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ထောက်ခံစာမူရင်း။
  • တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအတွက် သက်ဆိုင်ရာမှ တရားဝင်ထုတ်ပေးထားသော တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သည့် အမှတ်စာရင်း (မူရင်း)။
  • လျှောက်ထားသူ၏ အမည်ပါရှိသော အိမ်ထောင်စုစာရင်းဇယား(မိတ္တူ) (တိုက်ဆိုင်စစ် ဆေးရန် မူရင်းယူဆောင်လာရမည်)။
  • ပတ်စပို့အရွယ်ရောင်စုံဓာတ်ပုံ (၃)ပုံ။


၀င်ခွင့်ဖောင်များကို ရယူရန်