Breaking News

Updates News

စက်မှုအင်ဂျင်နီယာဌာနကျောင်းသားများ ၏ Presentation

အစိုးရနည်းပညာကောလိပ်(မန္တလေး)၊ စက်မှုအင်ဂျင်နီယာဌာန၊ တတိယနှစ်(နောက်ဆုံးနှစ်) ကျောင်းသား/ကျောင်းသူ များ၏ စက်ရုံ၊အလုပ်ရုံများသို့ Industrial Training (၃)လ သွား‌ရောက် ကွင်းဆင်းပြီး သင်ယူလေ့လာခဲ့သည်များကို Power Point Presentation ပြုလုပ်ပြီး ဌာနမှူးနှင့်တကွ ဌာနမှ ဆရာ/ဆရာမများမှ ပြန်လည် ဆွေးနွေး သုံးသပ်ပြခဲ့ပါသည်။ 3G Mech Seminar...

Electronic Engineering သင်တန်းမှ တတိယနှစ်ကျောင်းသူ/သားများ၏စာတွေ့လက်တွေ့လေ့လာမှု့

     မြန်မာ့ဆက်သွယ်ရေး၊မန္တလေးတိုင်းဒေသကြီးတွင် အစိုးရနည်းပညာကောလိပ်(မန္တလေး)၊Electronic Engineering သင်တန်းမှ တတိယနှစ်ကျောင်းသူ/သားများ သည် ၁.၃.၂၀၂၃ မှစ၍ စာတွေ့လက်တွေ့သွားရောက်လေ့လာသင်ယူခဲ့ပါသည်။

ကြက်ခြေနီ(ရှေးဉီးပြုစုခြင်း)အခြေခံသင်တန်းဖွင့်လှစ်ခြင်း

     အစိုးရနည်းပညာကောလိပ်(မန္တလေး)တွင် (၂၅.၂.၂၀၂၃ မှ ၂၇.၂.၂၀၂၃ ထိ) ကြက်ခြေနီ(ရှေးဉီးပြုစုခြင်း) အခြေခံသင်တန်း ကို ကြက်ခြေနီအသင်း၊မန္တလေးတိုင်းဒေသကြီးမှ ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ ထိုသင်တန်းတွင် ဆရာ/မ များ၊ ကျောင်းသား/သူများ နှင့် ဝန်ထမ်းများအပါအဝင် သင်တန်းသား(၆၀) ဦးတက်ရောက်ခဲ့ပါသည်။သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ရွေးချယ်၍ မန္တလေးတိုင်းဒေသကြီးကြက်ခြေနီအသင်းကြီးမှ ဆုများပေးအပ်ခဲ့ပါသည်။

TTK (စက်နှင့်စက်အပိုပစ္စည်းရောင်းဝယ်ရေး)Companies မှအလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာဆွေးနွေး မိတ်ဆက် ခြင်း

     အစိုးရနည်းပညာကောလိပ်(မန္တလေး)ကျောင်းရှိ Mechanical Engineering ကျောင်းသားများအတွက်TTK (စက်နှင့်စက်အပိုပစ္စည်းရောင်းဝယ်ရေး)Companiesမှအလုပ်အကိုင်အခွင့်အလမ်းများ၊Companies၏လုပ်ဆောင် ချက်များနှင့် ဆက်လက်ဆောင်ရွက်ရှိသည်များကိုရှင်းလင်းဆွေးနွေး၍ လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ပါသည်။

UMG Group Companies မှ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာမိတ်ဆက်ဟောပြောပွဲ

အစိုးရနည်းပညာကောလိပ်(မန္တလေး)ကျောင်းရှိ Engineer ကျောင်းသူ/သားများအတွက် UMG Companies မှ စာတွေ့ လက်တွေ့လုပ်ငန်းခွင်သင်တန်းများ နှင့် အလုပ်အကိုင် အခွင့်အလမ်းများအကြောင်းအား ၁၇.၂.၂၀၂၃ (သောကြာနေ့) နေ့လယ် ၁၂ နာရီတွင် အစိုးရနည်းပညာကောလိပ် (မန္တလေး)ကျောင်း၌ ရှင်းလင်း ဟောပြောခဲ့ ပါသည်။ ထိုဟောပြောပွဲသို့ အစိုးရနည်းပညာကောလိပ် (မန္တလေး)မှ ကျောင်းအုပ်ကြီး၊ဌာနမှူးများနှင့်နောက်ဆုံးနှစ်...

အစိုးရနည်းပညာကောလိပ် (မန္တလေး)ကျောင်း တည်ဆောက်ရေးလုပ်ငန်းခွင်သို့သွားရောက်လေ့လာခြင်း

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ABC Development Co.Ldt; မှ တည်ဆောက်လျှက်ရှိသော အစိုးရနည်းပညာကောလိပ်(မန္တလေး)ကျောင်း တည်ဆောက်ရေးလုပ်ငန်းခွင်သို့ မြို့ပြအင်ဂျင်နီယာဌာနမှ ဆရာ/ ဆရာမများနှင့်တတိယနှစ် ကျောင်းသား/သူများသည် (၂၅.၁.၂၀၂၃) ရက်နေ့တွင် သွားရောက်လေ့လာခဲ့ပါသည်၊၊ ABC Development Co.Ldt; ရှိ တာဝန်ရှိသူများမှ တည်ဆောက်ရေးနှင့်ပတ်သတ်သော လက်တွေ့လုပ်ဆောင်မှု့များအား ရှင်းလင်းပြသခဲ့ပါသည်။

အစိုးရနည်းပညာကောလိပ်(မန္တလေး)ကျောင်းဖွင့်ပွဲအခမ်းအနား

သိပ္ပံနှင့်နည်းပညာ လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင်နိုင်ရန်နှင့် နည်းပညာနှင့် သက်မွေးပညာရပ် များကို စနစ်တကျလေ့ကျင့်သင်ကြားပေးနိုင်ရန်၊ နိုင်ငံတစ်ဝန်းရှိစက်ရုံ၊ အလုပ်ရုံများနှင့်တည်ဆောက်ရေးလုပ်ငန်း များတွင် လိုအပ်လျှက်ရှိသော၊ အရည်အချင်းပြည့်ဝသော နည်းပညာဘွဲ့ရ (Technologists)များ မွေးထုတ်နိုင်ရန် အတွက် အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)မှ အစိုးရနည်းပညာကောလိပ်(မန္တလေး)သို့ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၈ရက်တွင် တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။ ကျောင်းဖွင့်ပွဲအခမ်းအနားသို့နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဉီးစီး...

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊B.Tech(ပထမနှစ်)သင်တန်းများ၏မေဂျာမိတ်ဆက်ပွဲအခမ်းအနား

၁၂.၁၂.၂၀၂၂ရက်နေ့၊နေ့လယ်(၁၃း၀၀)နာရီတွင်၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ B.Tech (ပထမနှစ်) သင်တန်းသားများ အတွက် မေဂျာမိတ်ဆက်ပွဲအခမ်းအနားကို နည်းပညာကောလိပ်(မန္တလေး)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားတွင်ကျောင်းအုပ်ကြီးမှ အဖွင့်အမှာစကားပြောကြား၍ ဌာနမှူးများမှ သက်ဆိုင်ရာမေဂျာနှင့် ပက်သက်သည်များကိုရှင်းလင်းပြောကြားခဲ့ပါသည်။ ကျောင်းသူ/သားများမှလည်း သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။

Website Administration Training မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနား

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊နည်းပညာ၊သက်မွေးပညာလေ့ကျင့်ရေးဦးစီဌာနရှိ ကောလိပ်၊သိပ္ပံ၊ ကျောင်းနှင့်သက်မွေးပညာသင်တန်းကျောင်းများ၏ Website(71) ခုတွင် လုံခြုံစိတ်ချပြီး မှန်ကန်သောသတင်းအလက်များ စနစ်တကျစဉ်ဆက်မပြတ် update ပြုလုပ်ပြီး လွှင့်တင်နိုင်စေရန်နှင့် Website ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်နိုင်စေရန်အတွက် လိုအပ်သည့် Website Administration Training မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ့်၊ ‌ဖေဖော်ဝါရီလ ၊ (၂၁)ရက်နေ့ မနက်(၁၀:၀၀)နာရီတွင်...

ISO 9004:2018 အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှကြီးမှူး၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများ အား စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးဆိုင်ရာ “ISO 9004:2018 Quality Management- Quality of an organization-Guidance to achieve sustained success” အရည်အသွေးစီမံခန့်ခွဲမှု – အဖွဲ့အစည်း၏ အရည်အသွေး – ရေရှည်တည်တံ့သည့် အောင်မြင်မှုရရှိရန် လမ်းညွှန်နှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေ:ပွဲကို...