Breaking News

စက်ရုံအလုပ်ရုံများအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ် ကျင်းပခြင်း (Industrial Linkage Workshop)

0 0

အစိုးရစက်မှုလက်မှု သိပ္ပံ (မန္တလေး) တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အစိုးရနှင့် ပြင်ပ ပုဂ္ဂလိက စက်မှုလက်မှု အလုပ်ရုံများအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ( Industrial Linkage Workshop)ကို EU အထောက်အပံ့ဖြင့် IBPD Cente (GTI-Mandalay) မှ ဦးဆောင်၍ ယနေ့ (23.8.2020) ရက်နေ့ နံနက် (၉) နာရီက ကျောင်းရှိ စုဝေးခန်းမတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Novel Corona Virus Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင်  ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်ကျော်မြင့်၊ အစိုးရစက်မှုလက်မှု သိပ္ပံ (မန္တလေး)က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး စက်မှုဇုံ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦးမှလည်း အစိုးရနှင့် ပြင်ပ ပုဂ္ဂလိက စက်မှုလက်မှုလုပ်ငန်းရှင်များကိုယ်စား နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။  ဆက်လက်၍  HOPD (GTI-Mandalay)၏ အဖွဲ့ခေါင်းဆောင် ဆရာ ဦးမျိုးမြင့်နိုင်က Industrial Linkage လုပ်ငန်းစဉ် တစ်ခုဖြစ်သော စက်ရုံအလုပ်ရုံများ ချိတ်ဆက်ဆောင်ရွက်မှု နှင့်ပတ်သက်၍ လိုအပ်သည်များကို လွတ်လပ်စွာ အကြံပြု ဆွေးနွေးနိုင်ရေး ရှင်းလင်းပြောကြားသည်။   တင်ပြချက် (Presentation) များနှင့်ပတ်သက်၍ တက်ရောက်လာသူ  အစိုးရနှင့် ပြင်ပ ပုဂ္ဂလိက စက်မှုလက်မှုလုပ်ငန်းရှင်များ အားလုံးက သုံးသပ်ဆွေးနွေးခြင်းများ ဆောင်ရွက်ကြပါသည်။ ယင်းနောက် အစိုးရစက်မှု လက်မှုသိပ္ပံ (မန္တလေး) ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်ကျော်မြင့် က နိဂုံးချုပ်အမှာစကား ပြောကြားကာ နေ့လည် (၁၂)နာရီတွင် အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ စက်မှုဇုံ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦး၊ MRCCI မှ တာဝန်ရှိသူများ၊ AGTI Society မှ တာဝန်ရှိသူများ  နှင့် မန္တလေးမြို့ အတွင်းရှိ အစိုးရနှင့် ပြင်ပပုဂ္ဂလိက စက်ရုံ/အလုပ်ရုံများမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဘာသာ ရပ်ဆိုင်ရာ ဆရာ/ဆရာမများ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။

E-government Ministry of Education

About Post Author

egovadmin

egovernmentsection@gmail.com http://gtcmohnyin.moe.edu.mm

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleppy
Sleppy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်