Breaking News

အစိုးရနည်းပညာကောလိပ်(မန္တလေး)ကျောင်းဖွင့်ပွဲအခမ်းအနား

သိပ္ပံနှင့်နည်းပညာ လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင်နိုင်ရန်နှင့် နည်းပညာနှင့် သက်မွေးပညာရပ် များကို စနစ်တကျလေ့ကျင့်သင်ကြားပေးနိုင်ရန်၊ နိုင်ငံတစ်ဝန်းရှိစက်ရုံ၊ အလုပ်ရုံများနှင့်တည်ဆောက်ရေးလုပ်ငန်း များတွင် လိုအပ်လျှက်ရှိသော၊ အရည်အချင်းပြည့်ဝသော နည်းပညာဘွဲ့ရ (Technologists)များ မွေးထုတ်နိုင်ရန် အတွက် အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)မှ အစိုးရနည်းပညာကောလိပ်(မန္တလေး)သို့ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၈ရက်တွင် တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။ ကျောင်းဖွင့်ပွဲအခမ်းအနားသို့နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဉီးစီး...

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊B.Tech(ပထမနှစ်)သင်တန်းများ၏မေဂျာမိတ်ဆက်ပွဲအခမ်းအနား

၁၂.၁၂.၂၀၂၂ရက်နေ့၊နေ့လယ်(၁၃း၀၀)နာရီတွင်၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ B.Tech (ပထမနှစ်) သင်တန်းသားများ အတွက် မေဂျာမိတ်ဆက်ပွဲအခမ်းအနားကို နည်းပညာကောလိပ်(မန္တလေး)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားတွင်ကျောင်းအုပ်ကြီးမှ အဖွင့်အမှာစကားပြောကြား၍ ဌာနမှူးများမှ သက်ဆိုင်ရာမေဂျာနှင့် ပက်သက်သည်များကိုရှင်းလင်းပြောကြားခဲ့ပါသည်။ ကျောင်းသူ/သားများမှလည်း သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။