Breaking News

မြို့ပြအင်ဂျင်နီယာ

အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး)  မြို့ပြအင်ဂျင်နီယာဌာနမှ နွေးထွေးပျူငှာစွာကြိုဆိုပါတယ်။

ကျောင်းပြီးသွားသောအခါ တရား၀င်အသိအမှတ်ပြုလက်မှတ် ရရှိမည်ဖြစ်သည်။ကျောင်းသား/သူများသည် ဤဌာနမှ ကျွမ်းကျင်စွာအောင်မြင်တတ်မြောက်သွားလျှင် အထူးအောင်မြင်သူများသည် နည်းပညာတက္ကသိုလ် တက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး ရိုးရိုးအောင်မြင်သူများအနေနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက် ပုဂ္ဂလိကလုပ်ငန်းအချို့နှင့်ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။

မြို့ပြအင်ဂျင်နီယာသည် အတတ်ပညာဆိုင်ရာကျွမ်းကျင်တတ်မြောက်မှုပညာရပ်တခုဖြစ်ပြီး ၎င်းတွင် ဒီဇိုင်းရေးဆွဲခြင်း၊ဆောက်လုပ်ရေး၊ရုပ်ပိုင်းဆိုင်ရာနှင့်သဘာ၀ပတ်၀န်းကျင်တည်ဆောက်ထားသည့် ပါတ်၀န်းကျင်ကို ထိန်းသိမ်းခြင်း၊လမ်း၊တံတား၊တူးမြောင်းများ၊ရေဆိုးစနစ်၊ပိုက်လိုင်းများ၊အဆောက်အဦများနှင့်ရထားလမ်းများ၏ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အစိတ်အပိုင်းများ ပါ၀င်ပတ်သက်သည်။

ပထမနှစ်အတွက်သတင်းအချက်အလက်

ဤစာသင်နှစ်တွင်ကျောင်းသားများသည် အဓိကဘာသာ၃ခုကိုသင်ယူရသည်။တခုမှာအခြေခံအင်ဂျင်နီယာပုံဆွဲခြင်းဖြစ်သည်။နောက်တဘာသာမှာဆောက်လုပ်ရေးသုံးပစ္စည်းများအကြောင်းဖြစ်သည်။မြို့ပြအင်ဂျင်နီယာအုပ်ရုံတွင် ကျောင်းသားများသည်အခြေခံလက်သမားနှင့်ပန်းရံလုပ်ငန်းအကြောင်းကို လေ့လာသင်ယူရသည်။

ဒုတိယနှစ်အတွက်သတင်းအချက်အလက်

အဓိကဘာသာ၇ခုကို ကျောင်းသားများသင်ယူကြရသည်။ကျွမ်းကျင်ဆရာ/မများကကျောင်းသားများကို အဆောက်အအုံသုံးပစ္စည်းများအကြောင်း၊ဆောက်လုပ်ရေးများအကြောင်းကို သေချာအသေးစိတ်ကျကျလက်တွေ့ကျကျသင်ကြားပေးသည်။ကျောင်းသားများသည် လမ်းနှင့်တံတားများအကြောင်းကို အသေးစိတ်ကျကျလေ့လာကြရသည်။ပုံဆွဲဘာသာရပ်တွင်အဆောက်အအုံ၏မတူညီသောအမြင်များအကြောင်း လေ့လာရသည်။ဤနှစ်တွင် ကျောင်းသားများသည် လက်သမားနှင့်ပန်းရံလုပ်ငန်းကို သေသပ်စွာလုပ်ကိုင်နိုင်ပြီဖြစ်သည်။

တတိယနှစ်အတွက်သတင်းအချက်အလက်

ဤနှစ်သည် ကျောင်းသားအတွက် အရေးကြီးသောနှစ်တနှစ်ဖြစ်သကဲ့သို့ ကျောင်းသားများသည်မြို့ပြအင်ဂျင်နီယာနယ်ပယ်တွင် အသုံးချသောဘာသာရပ်များကို လေ့လာသင်ယူရသည်။ထို့ကြောင့် ကျောင်းသားများသည် သက်ဆိုင်ရာဘာသာရပ်များ၏ အယူအဆအားလုံးကိုသိရှိရန်လိုအပ်ပြီး သက်ဆိုင်ရနယ်ပယ်တွင် အသုံးချသင့်သည်။ယနေ့ခေတ်တွင် လူထုအခြေပြုအင်ဂျင်နီယာသည် စည်ပင်သာယာမှသည် နိုင်ငံတော်အစိုးရအထိနှင့်ပုဂ္ဂလိကလုပ်ငန်းရှင်မှသည် နိုင်ငံတကာကုမ္ပဏီများအထိ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းများဖြစ်လာသည်။ကျောင်းသားများသည် သစ်၊သံမဏိနှင့်ကွန်ကရစ်လုပ်ငန်းအကြောင်း လေ့လာရသည်။ကျောင်းသားများသည် ကွန်ကရစ်အဆောက်အဦး၊ထောင့်၊ဒီဇိုင်း၊များကို တွက်ချက်နိုင်ပြီး ပိုက်စနစ်အကြောင်းကိုလည်း သင်ယူရသည်။အဆောက်အဦး၏ ကုန်ကျစရိတ်များကိုလည်း ခန့်မှန်းတွက်ချက်ရသည်။ကျောင်းသားများသည် ရထားလမ်းပိုင်းများအကြောင်းကိုလည်း လေ့လာရသည်။၎င်းတို့သည် ဆောက်လုပ်ရေးဆည်များ၊ရေလှောင်ကန်များ၊တူးမြောင်းများနှင့်၎င်းင်းတို့၏ ဦးတည်ချက်နှင့်အမျိုးမျိုးသော ဖြန့်ဖြူးနိုင်မှုစွမ်းအားအရင်းအမြစ်ထိန်းချုပ်မှုတို့ကို သိနိုင်သည်။၎င်းတို့သည် သံမဏိအားဖြည်ခြင်းအတွက် ကွေးခြင်း၊ဖြတ်ခြင်း၊ချည်ခြင်းနှင့်ဘောင်အမျိုးအစားများကိုရွေးချယ်နိုင်သည်။

ရည်မှန်းချက်နှင့်တာဝန်များ

  • တီထွင်မှုနှင့်တဆင့် မြို့ပြအင်ဂျင်နီယာပညာရေးအသုံးချခြင်းမှတဆင့်ဖန်တီးတွေးခေါ်မှုများပေးရန်။
  • ကျွန်ုပ်တို့၏ကျောင်းသားများအရည်အချင်းပြည့်၀ရန်နှင့်လူ့အဖွဲ့အစည်းကိုအထောက်အကူပြုရန်။
  • ကျောင်းသားများ၏ ခေါင်းဆောင်မှုအရည်အသွေးများ တိုးတက်လာစေရန်။

သင်ကြားရမည့်ဘာသာရပ်များ

  1. Myanmar (Ma11011)
  2. English (E-11011)
  3. Mathematics (M-11011)
  4. Engineering Science (ES-11011)
  5. Engineering Mechanics (ME-11015)
  6. Civil Engineering Drawing (CE-11011)
  7. Building Materials and Construction (CE-11012)
  8. Workshop Practices (CE-11019)
  1. English  (E-21011)
  2. Mathematics (M-21011)
  3. Structure ( CE- 21013 )
  4. Building Materials and Construction (CE-21012)
  5. Elementary Surveying (CE- 21011 )
  6. Road & Bridge (CE- 21017 ~22027)
  7. Fluid Mechanics (CE- 21016 )
  8. Civil Engineering Drawing (CE-21012)
  9. Workshop Practices (CE-21019)
  1. English   (E-31011)
  2. Fundamentals of Timber, Steel and Concrete Structure ( CE – 31014 )
  3. Building Service (CE-31018)
  4. Elementary Surveying (CE – 31021 )
  5. Irrigation & Railway (CE- 30026 ~31017)
  6. Estimating and Specification (CE – 31022 )
  7. Reinforced Concrete (CE-31024)
  8. Civil Engineering Drawing (CE-31012)
  9. Workshop Practices (CE-21019)

စာသင်ချိန်

တပါတ်လျှင် စာသင်ကြားချိန်နှင့် လက်တွေ့သင်ချိန်ပေါင်း (၃၅)နာရီ တစ်နှစ်လျှင်(၃၀)ပါတ် ဟူ၍ သတ်မှတ်ပြီး သင်ကြားကြရပါသည်။

အကဲဖြတ်မှုပုံစံ

သင်ကြားပြီးစီးခဲ့သော ဘာသာရပ်များအလိုက် Theory များကို First-semester Exam, Second Semester Exam ဟူ၍ ခွဲခြားစာမေးပွဲများ စစ်ဆေးပါသည်။
Practical များကို Job အလိုက် ပြုလုပ်စေကာ Job တခု ပြီးမြောက်ပါက စစ်ဆေး၍ အမှတ်များပေးကာ မှတ်တမ်းများထားရှိစေပါသည်။

Grading System

  • 81-100  Grade “A”
  • 61-80   Grade “B”
  • 41-60   Grade “C”
  • 21-40   Grade “D”
  • 0-20     Grade “E” 

ကျောင်းဝင်ခွင့်သတ်မှတ်ချက်

G.T.I ကျောင်းသို့ တက်ရောက်လိုလျှင် ၀င်ခွင့်စာမေးပွဲဖြေဆိုရန် မလိုပါ။ တက္ကသိုလ်၀င်တန်းအောင်မြင်ပြီးသူများသည် မည်သည့်နှစ်တွင် မဆို အောင်မြင် ပြီးသူဖြစ်ရမည်။ အသက် ကန့်သတ်ချက်မရှိပါ။ အင်္ဂလိပ် နှင့် သင်္ချာ (၂) ဘာသာပေါင်းရမှတ်ကို မူတည်၍ ၀င်ခွင့်ကို ခေါ်ပါသည်။ G.T.H.S မှ အောင်မြင်ပြီးသူများလည်း သတ်မှတ် အရည်အချင်းပြည့်မှီပါက လျှောက်ထားနိုင်ပါသည်။ အသက် ကန့်သတ်ချက်မရှိပါ။ သင်တန်းတခုတွင် ကျောင်းသား/သူဦးရေ (၄၀) သတ်မှတ်ပြီး ၀င်ခွင့်ကို ခေါ်ယူပါသည်။

အလုပ်အကိုင်အခွင့်အလမ်း

E.G.T.I (Civil) ဒီပလိုမာ ရရှိအောင်မြင်သူများသည် သက်ဆိုင်ရာ မိမိ တက်ကျွမ်းသော ပညာရပ်များဖြင့် ဆက်လက် အသက်မွေးနိုင်ကြပါသည်။ ၀န်ကြီးဌာနများ၊ စက်ရုံများတွင်၎င်း၊ ပြည်ပနိုင်ငံများတွင် Technician များအဖြစ်၎င်း သွားရောက် အလုပ် လုပ်ကိုင်နိုင်ကြပါသည်။ ဆက်လက်၍ အဆင့်မြင့်သော ပညာများကို ဆည်းပူး၍ လည်း နိုင်ငံအကျိုးအတွက်သော်၎င်း၊ မိမိ၏ မိသားစုများ အတွက် သော်၎င်း၊ ၀င်ငွေများစွာကို ရှာဖွေပေးနိုင်သော အင်ဂျင်နီယာကောင်းများအဖြစ်ကောင်းမွန်စွာရပ်တည်နိုင်ပါသည်