အီလက်ထရောနစ်အင်ဂျင်နီယာဌာန

အီလက်ထရောနစ် အင်ဂျင်နီယာသင်တန်းသို့ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ၊ အစိုးရနည်းပညာ အထက်တန်းကျောင်းမှ အထူးအောင်မြင်ပြီး သော ကျောင်းသား/သူများ နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ‌ရေး အထက်တန်းကျောင်းများမှအထူးအောင်မြင်ပြီး သော နည်းပညာ ကျောင်းသား/သူများလျှောက်ထားတက်ရောက်နိုင်သည်။ အီလက်ထရောနစ်အင်ဂျင်နီယာသင်တန်းပြီးမြောက်အောင်မြင်ပါက ဘွဲ့လက်မှတ် ပေးအပ်ပါသည်။ အီလက်ထရောနစ်အင်ဂျင်နီယာသင်တန်းတွင် လက်တွေ့လုပ်ငန်းခွင် နှင့်ကိုက်ညီသောစာတွေ့/လက်တွေ့ ခေတ်မှီအီလက်ထရောနစ်နည်းပညာများကိုလေ့ကျင့်သင်ကြားပေးလျှက်ရှိပါသည်။အီလက်ထရောနစ်အင်ဂျင်နီယာသင်တန်းမှနိုင်ငံတော်ဖွံဖြိုး တိုးတက်ရေးနှင့်စက်ရုံအလုပ်ရုံများအတွက် အထောက်အကူပြုမည့် အရည်အချင်းပြည့်ဝသော ကျွမ်းကျင်အီလက်ထရောနစ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။

အီလက်ထရောနစ်အင်ဂျင်နီယာဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ၊ ဆရာမများစာရင်း

စဉ်အမည်ပညာအရည်အချင်းရာထူး
ဒေါ်တင်နီလာစိုးBE(EC)တွဲဖက်ပါမောက္ခ
ဒေါ်နုနုစံME(EC)ကထိက
ဒေါ်နှင်းနွေးလှိုင်ME(EC)ကထိက
ဒေါ်မျိုးသူဇာဝင်းME(EC)ကထိက
ဦးကျော်စွာဝင်းBE(EC)လ/ထကထိက
ဒေါ်ကံ့ကော်ဦးBE(EC)လ/ထကထိက
ဒေါ်ဖြိုးသန္တာအောင်B.Tech(EC)စက်မှုကျွမ်းကျင်-၄
ဒေါ်ထက်ထက်အောင်A.G.T.I(EC)စက်မှုကျွမ်းကျင်-၄