အစိုးရနည်းပညာကောလိပ် (မန္တလေး)စာပေဌာနမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်
စာပေဌာနဆိုသည်မှာဘာသာရပ်(၅)ခုနှင့်ဖွဲ့စည်းထားသောဌာနတစ်ခုဖြစ်ပါတယ်။ ၎င်းတို့မှာမြန်မာစာ ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓါတုဗေဒ၊ ရူပဗေဒတို့ဖြစ်ပါတယ်။ ပတမနှစ်တွင် ဒီဘာသာရပ်(၅)ခုကို မိုင်နာ ဘာသာရပ် အဖြစ်သင်ရပြီး ၊ဒုတိယနှစ်တွင်အင်္ဂလိပ် ၊ သင်္ချာ(၂)ခုကိုသင်ရပြီး ၊ တတိယနှစ်တွင်အင်္ဂလိပ်စာ (၁) ဘာသာကို major တိုင်းတွင် သင်ပေးရပါတယ်။
မြန်မာစာ ဘာသာရပ်သည်အသိပညာဘာသာရပ်တခုဖြစ်သည်။ မြန်မာဘာသာစကားကို ခြေခြေမြစ်မြစ်သိနားလည်ရန်၊ဘာသာစကားတခုကိုပြောဆိုရာတွင်ကြောင်းကျိုးဆက်စပ်ပြောဆိုတတ်ရန်၊လူမှုပတ်ဝန်းကျင်တွင်ကောင်းမွန်စွာနေထိုင်တတ်ရန်၊အမှားနည်း၍လောကအလယ်တွင်တင့်တယ်စွာနေထိုင်နိုင်ရန်၊ဘဝခရီးအတွက်တန်ဖိုးရှိသောအလေ့အကျင့်များကိုကျောင်းသား၊သူတွေအတွက်အမြောက်အမြားပေးစွမ်းနိုင်ပါသည်။
အင်္ဂလိပ်စာဘာသာရပ်သည်နိုင်ငံတကာသုံးဘာသာရပ်တစ်ခုဖြစ်သည်။ကမ္ဘာတဝန်းလုံးမှာ အင်္ဂလိပ်စာကိုရေးကြပြောကြတယ်။အင်္ဂလိပ်စာမသုံးတဲ့နိုင်ငံကမ္ဘာပေါ်မှာမရှိဘူး၊ဘာသာရပ်အကုန်လုံးကိုအင်္ဂလိပ်လိုသင်ကြားရတယ်၊အင်္ဂလိပ်စာတော်ရင်အမှတ်ကောင်းကောင်းရပြီးစာမေးပွဲတွေကိုအလွယ်တကူအောင်နိုင်မယ်။ဒါကြောင့်ဒီဘာသာရပ်ကိုကျောင်းသား၊သူတွေကောင်းစွာသင်ယူရန်အလွန်အရေးကြီးပါသည်။
သင်္ချာဘာသာရပ်သည် ကျောင်းသားကျောင်းသူတွေရဲ့အတွေးအခေါ်ညီမျှမှုရှိစေရန် ၊ ကိစ္စတစ်ခုစီရဲ့ အဖြေကို နည်းမျိုးစုံနဲ့ အဖြေမှန်ရအောင်ဖြေရှင်းတတ်ရန် ၊ အတွေးအခေါ် မြင့်မားပြီး ဖြတ်ထိုးဉာဏ် ကောင်း လာအောင် ရည်ရွယ်ပြီး သင်ပေးခြင်းဖြစ်ပါသည်။
ရူပဗေဒဘာသာရပ်သည် အင်ဂျင်နီယာဘာသာရပ်များ၏ မိခင်ဘာသာရပ်တခုကဲ့သို့အရေးပါသော ဘာသာရပ်တခုဖြစ်ပြီးအင်ဂျင်နီယာဘာသာရပ်များတွင် သက်ဆိုင်ရာ အပိုင်း များကိုကျယ်ပြန့်စွာ သင်ကြားနိုင်စေမည့် အခြေခံအုတ်မြစ် တခုဖြစ်သည်။ ဤဘာသာရပ်၏ အခြေခံသဘောတရားများသည် အင်ဂျင်နီယာဘာသာရပ်အတွက် များစွာအထောက်အကူဖြစ်စေပါသည်။စာတွေ့ရမှတ်အနေဖြင့်၃၀% နှင့်လက်တွေ့ရမှတ်အနေဖြင့်၂၀% ပေးပါသည်။
ဓါတုဗေဒ ဘာသာရပ်သည် ဘဘာဝတရားများတွင်ဖြစ်ပေါ်ပြောင်းလဲနေသည့်အစိုင်အခဲ ၊ အရည်အငွေ့ စသည့် သဘောတရားများအား မိမိတို့၏ ဉာဏ်ရည်တွင်အခြေခံပညာအထက်တန်းမှ သင်ကြားလာခဲ့သည့် သဘောတရားများနှင့် ချိတ်ဆက်၍ အဆင့်မြင့်ပညာများကို ပိုမို နားလည် သဘောပေါက်စေပြီး မိမိတို့ သင်ယူလေ့လာရမည့် အင်ဂျင်နီယာ ဘာသာရပ်များကို လွယ်ကူမှုရှိအောင်အထောက်အကူဖြစ်စေပါသည်။ ဒီဘာသာရပ်သည် ပျော်ရည်များအတွင်းရှိ pH ပြောင်းလဲခြင်းသဘောတရားများကို ကောင်းစွာနားလည်သိရှိနိုင်ခြင်း ၊ လျှပ်စစ်ပျော်ရည်များအတွင်း အိုင်ယွန်းများ၏ ပြောင်းလဲမှုကြောင့် အီလက်ထရွန်ထုတ်လွှတ်မှု ၊ လက်ခံမှု များကြောင့် ဓါတ်တိုးခြင်း ၊ ဓါတ်လျော့ခြင်းဖြစ်ပေါ်လာပုံကို ပိုမို နားလည်လာစေပါသည်။ ဒါ့အပြင် လက်တွေ့ဘာသာရပ်များတွင် ဘိလပ်မြေအတွင်း ကယ်စီယမ်ပမာဏ မည်မျှရာခိုင်နှုန်းပါဝင်သည်ကို စမ်းသပ်နိုင်သည့် သက်မွေး အထောက်အကူပြုလက်တွေ့ပညာရပ်ဖြစ်ပါသည်။ စာတွေ့ရမှတ်အနေဖြင့် ၃၀ % နှင့် လက်တွေ့ရမှတ် ၂၀% ပေးပါသည်။
အင်္ဂလိပ်စာဌာန

တွဲဖက်ပါမောက္ခ

ကထိက

နည်းပြ
သင်္ချာ ဌာန

ကထိက

လ/ထ ကထိက

နည်းပြ
ရူပဗေ ဌာန

ကထိက
ဓါတုဗေဒ ဌာန

ဒေါ်မွန်မွန်အောင်
ကထိက

ဒေါ်တိုးမြင့်
ကထိက
မြန်မာစာ ဌာန

လ/ထ ကထိက

နည်းပြ
စာပေ ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သော ဆရာ/ဆရာမများ
စဉ် | အမည် | ရာထူး | တာဝန်ထမ်းဆောင်ခဲ့သော ကာလ |
---|---|---|---|
၁ | ဒေါ်မြတ်သူသူအောင် | လက်ထောက်ကထိက | ၂၅.၁.၂၀၂၃ မှ --- |