Breaking News

လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ

သင်ကြားရမည့်ဘာသာရပ်များ

  1. Myanmar
  2. English
  3. Mathematics
  4. Engineering Science
  5. Engineering Mechanics
  6. Engineering Drawing
  7. Basic Digital Electronics
  8. Basic Electricity
  1. English
  2. Mathematics
  3. Circuit Analysis
  4. Electrical Machines
  5. Generation, Transmission & Distribution
  6. Electrical Wire
  7. Mechanical Engineering Fundamental
  1. Electrical Safety & Protection
  2. Electrical Estimating
  3. Electrical Machines
  4. Industrial Motor Control
  5. English
  6. Transmission & Distribution

စာသင်ချိန်

တပါတ်လျှင် စာသင်ကြားချိန်နှင့် လက်တွေ့သင်ချိန်ပေါင်း (၃၅)နာရီ တစ်နှစ်လျှင်(၃၀)ပါတ် ဟူ၍ သတ်မှတ်ပြီး သင်ကြားကြရပါသည်။
GTI တွင် တက်ရောက် ပညာသင်ကြားနေသော ကျောင်းသား/သူများအား ပညာသင်နှစ်အားဖြင့် (၃) နှစ် ပညာသင်ကြားစေပါသည်။

အကဲဖြတ်မှုပုံစံ

သင်ကြားပြီးစီးခဲ့သော ဘာသာရပ်များအလိုက် Theory များကို First-semester Exam, Second Semester Exam ဟူ၍ ခွဲခြားစာမေးပွဲများ စစ်ဆေးပါသည်။
Practical များကို Job အလိုက် ပြုလုပ်စေကာ Job တခု ပြီးမြောက်ပါက စစ်ဆေး၍ အမှတ်များပေးကာ မှတ်တမ်းများထားရှိစေပါသည်။
(၃) နှစ် ပညာသင်ကြားအောင်မြင်ပြီးသူများအား A.G.T.I ဒီပလိုမာ ပေးအပ်ချီးမြှင့်ပါသည်။

Grading System

  • 81-100  Grade “A”
  • 61-80   Grade “B”
  • 41-60   Grade “C”
  • 21-40   Grade “D”
  • 0-20     Grade “E” 

ကျောင်းဝင်ခွင့်သတ်မှတ်ချက်

G.T.I ကျောင်းသို့ တက်ရောက်လိုလျှင် ၀င်ခွင့်စာမေးပွဲဖြေဆိုရန် မလိုပါ။ တက္ကသိုလ်၀င်တန်းအောင်မြင်ပြီးသူများသည် မည်သည့်နှစ်တွင် မဆို အောင်မြင် ပြီးသူဖြစ်ရမည်။ အသက် ကန့်သတ်ချက်မရှိပါ။ အင်္ဂလိပ် နှင့် သင်္ချာ (၂) ဘာသာပေါင်းရမှတ်ကို မူတည်၍ ၀င်ခွင့်ကို ခေါ်ပါသည်။ G.T.H.S မှ အောင်မြင်ပြီးသူများလည်း သတ်မှတ် အရည်အချင်းပြည့်မှီပါက လျှောက်ထားနိုင်ပါသည်။ အသက် ကန့်သတ်ချက်မရှိပါ။ သင်တန်းတခုတွင် ကျောင်းသား/သူဦးရေ (၄၀) သတ်မှတ်ပြီး ၀င်ခွင့်ကို ခေါ်ယူပါသည်။

အလုပ်အကိုင်အခွင့်အလမ်း

A.G.T.I (EP) ဒီပလိုမာ ရရှိအောင်မြင်သူများသည် သက်ဆိုင်ရာ မိမိ တက်ကျွမ်းသော ပညာရပ်များဖြင့် ဆက်လက် အသက်မွေးနိုင်ကြပါသည်။ ထူးချွန်စွာ အောင်မြင်သော ကျောင်းသား/ကျောင်းသူများသည် သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံပါက နည်းပညာတက္ကသိုလ်များတွင် B.E တတိယနှစ် သင်တန်းသို့ ပေါင်းကူးတက်ရောက်ခွင့်ရှိပါသည်။၀န်ကြီးဌာနများ၊ စက်ရုံများတွင်၎င်း၊ ပြည်ပနိုင်ငံများတွင် Technician များအဖြစ်၎င်း၊ နိုင်ငံခြားသွားသင်္ဘောများတွင် လျှပ်စစ်အင်ဂျင်နီယာများအဖြစ်၎င်း သွားရောက် အလုပ်လုပ် ကိုင်နိုင်ကြပါသည်။