Breaking News

အီလက်ထရောနစ် အင်ဂျင်နီယာ

အီလက်ထရောနစ်အင်ဂျင်နီယာဌာနမှနွေးထွေးစွာကြိုဆိုပါတယ်။

       ကျောင်းပြီးသွားသောအခါ တရား၀င်အသိအမှတ်ပြုလက်မှတ် ရရှိမည်ဖြစ်သည်။ကျောင်းသား/သူများသည် ဤဌာနမှ ကျွမ်းကျင်စွာအောင်မြင်တတ်မြောက်သွားလျှင် အထူးအောင်မြင်သူများသည် နည်းပညာတက္ကသိုလ် တက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး ရိုးရိုးအောင်မြင်သူများအနေနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက် ပုဂ္ဂလိကလုပ်ငန်းအချို့နှင့်ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။ ကျောင်းသား/သူများသည် ဌာနမှ အောင်မြင်သည်နှင့်အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍများတွင် အီလက်ထရောနစ်အင်ဂျင်နီယာအဖြစ် ၀င်ရောက်အလုပ်လုပ်ကိုင်နိုင်သည်။ ဌာနသည် အဓိကအီလက်ထရောနစ်နယ်ပယ်လေးခုဖြစ်သော လျှပ်စီးပါတ်လမ်း၊ကွန်ပျူတာ၊ဆက်သွယ်ရေးနှင့်ထိန်းချုပ်ရေးတို့ကိုလေ့လာရသည်။ဓါတ်ခွဲခန်းများကို အီလက်ထရောနစ်ကျောင်းသားများသာမကအီလက်ထရောနစ်ပစ္စည်းများကို စိတ်၀င်စားသူများအတွက် အမြဲဖွင့်လှစ်ထားသည်။ကျောင်းသားများသည် အီလက်ထရောနစ်ဘာသာရပ်များအား ခေတ်မီသင်ထောက်ကူပစ္စည်းများ၊သင်တန်းနည်းပြများ၊စက်ကိရိယာများကဲ့သို့သောစစ်မှန်သောအလုပ်သဘောတရားများကိုလေ့လာနိုင်သည်။

      Components မျိုးစုံ တိုင်းတာစစ်ဆေးခြင်း၊ Meter တိုင်းတာနည်းများ၊Trainner Board အသုံးပြုနည်းများ သင်ကြားပေးပါသည်။

ပထမနှစ်အတွက်သတင်းအချက်အလက်

      ဘာသာရပ်လေးခုကို ဌာန၌ သင်ကြားပေးသည်။ကျောင်းသားများသည် တိုက်နယ်ဆန်းစစ်ခြင်းနှင့်ဒစ်ဂျစ်တယ်အခြေခံသဘောတရားများ၊ဥပဒေများနှင့်သီအိုရီများ၊အီလက်ထရောနစ်ဘာသာရပ်များအကြောင်းလေ့လာသင်ယူရသည်။ဓါတ်ခွဲခန်းတွင် ကျောင်းသားများသည်အခြေခံအစိတ်အပိုင်းများကို တိုင်းတာသည့်ကိရိယာများကို လေ့လာကြသည်။လျှပ်စစ်ဓါတ်ခွဲခန်းသည် အခြေခံဝါယာကြိုးတပ်ဆင်မှုကို နားလည်ရန်နှင့်လျှပ်စစ်မီးဖိုချောင်သုံးပစ္စည်းများကိုပြန်လည်ပြုပြင်ရန်နှင့် ထိန်းသိမ်းရန်ဖြစ်သည်။

ဒုတိယနှစ်အတွက်သတင်းအချက်အလက်

      ဤနှစ်တွင်ကျောင်းသားများသည်analog electronicနှင့် computer softwareနှင့် hardwareများအကြောင်းကိုပိုမိုလေ့လာရန်လိုအပ်သည်။မော်တော်ထိန်းချုပ်မှုသည်စက်မှုလုပ်ငန်းအတွက် အသုံး၀င်ဆုံးဖြစ်သည်။ထို့ကြောင့် လျှပ်စစ်စက်ပစ္စည်းဘာသာရပ်သည် အီလက်ထရောကျောင်းသားများအတွက် အရေးပါသည်။ဌာနသည် ကျောင်းသားများအား ဆက်သွယ်ရေးစနစ်ကိုသီအိုရီသာမက လက်တွေ့လည်းသင်ကြားပေးသည်။အီလက်ထရောနစ်ဓါတ်ခွဲခန်းအတွက်ဆိုလာစနစ်နှင့်multisimsoftwareကိုမိတ်ဆက်ပြီးဒီဇိုင်းရေးဆွဲသည်။

တတိယနှစ်အတွက်သတင်းအချက်အလက်

      ဤနှစ်သည်ကျောင်းသားများအတွက် နောက်ဆုံးနှစ်ဖြစ်သောကြောင့် အီလက်ထရောနစ်အင်ဂျင်နီယာတွင် အသုံးချသင့်သည်။ယနေ့ခေတ်တွင်စက်မှုလုပ်ငန်းအများစုသည်လုပ်ငန်းစဉ်ကို ထိန်းချုပ်ရန်PLCsကို အသုံးပြုကြသည်။စက်မျုဆိုင်ရာအီလက်ထရောနစ်နှင့်ထိန်းချုပ်မှုဘာသာရပ်PLCကိုစတင်မိတ်ဆက်ခဲ့ပြီးကျောင်းသားများသည် Siemes LOGO 57-1200PLCဖြင့်လက်တွေ့ကျကျ လေ့လာကြသည်။ကျောင်းသားများကို ဆက်သွယ်ရေးအင်ဂျင်နီယာဘာသာရပ်နှင့် ဆက်သွယ်ရေးဘာသာရပ်မျာ းသင်ကြားပေးသည်။PCBပြုလုပ်ခြင်းသည် အင်ဂျင်နီယာတစ်ဦးအတွက် အရေးကြီးပြီး ထိုအကြောင်းကြောင့် အီလက်ထရောနစ်ဓါတ်ခွဲခန်းဘာသာရပ်အား လေ့လာရန်သင်ကြားသည်။

တာဝန်

  • အရည်အချင်းပြည့်၀သောပညာရှင်များကို မွေးထုတ်ခြင်းဖြင့် နိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်။
  • အလုပ်သမားဈေးကွက်၏လိုအပ်ချက်များကို ဖြည့်ပေးရန်အရည်အသွေးနှင့်ကျွမ်းကျင်သောပညာရှင်များကို ထောက်ပံ့ပေးရန်။

မျှော်မှန်းချက်

  • ဆရာဗဟိုပြုသင်ကြားခြင်းမှ ကျောင်းသားဗဟိုပြုသင်ကြားခြင်း။
  • အလုပ်အကိုင်အခွင့်အလမ်းတိုးတက်စေရန် စက်မှုဆိုင်ရာချိတ်ဆက်မှုရရှိရန်။

ဗဟုသုတ/အရင်းအမြစ်များ

      စာမေးပွဲပြီးဆုံးပြီးနောက် ပထမနှစ်ကျောင်းသားများသည် အလုပ်သင်အဖြစ် စက်မှုလုပ်ငန်းသို့နှစ်ပတ်ခန့် သွားရောက်ရမည်။ဒုတိယနှစ်ကျောင်းသားများသည် ၎င်းတို့၏ ကျောင်းတွင်းပရောဂျက်များကိုပြုလုပ်ရသည်။ထို့နောက် တတိယနှစ်ကျောင်းသားများသည် စက်မှုလုပ်ငန်းနှင့်၀န်ကြီးဌာနများသို့ အလုပ်သင်အဖြစ် သွားရောက်လုပ်ကိုင်ရမည်။ကျောင်းသားများသည်အလုပ်သင်ပြီးဆုံးပါက ၎င်းတို့၏ အတွေ့အကြုံအတွက် တင်ဆက်မှုပြုလုပ်ရသည်။

သင်ကြားရမည့်ဘာသာရပ်များ

  1. Myanmar
  2. English
  3. Mathematics
  4. Basic Technical Drawing
  5. Engineering Mechanics
  6. Circuit Analysis
  7. Digital Electronics
  8. Electronics Laboratory
  9. Electrical Laboratory
  1. English
  2. Mathematics
  3. Electrical Machines
  4. Analogue Electronics
  5. Electronic Communication Systems
  6. Computer and Programming
  7. Electronics Laboratory
  8. Electrical Laboratory
  1. English
  2. Applied Electronics
  3. Microprocessor Technology
  4. Industrials Electronics and Control
  5. Communication Systems
  6. Data Communication and Networking
  7. Electronics Laboratory

        
စာသင်ချိန်

      တပါတ်လျှင် စာသင်ကြားချိန်နှင့် လက်တွေ့သင်ချိန်ပေါင်း (၃၅)နာရီ တစ်နှစ်လျှင်(၃၀)ပါတ် ဟူ၍ သတ်မှတ်ပြီး သင်ကြားကြရပါသည်။

အကဲဖြတ်မှုပုံစံ

       သင်ကြားပြီးစီးခဲ့သော ဘာသာရပ်များအလိုက် Theory များကို First-semester Exam, Second Semester Exam ဟူ၍ ခွဲခြားစာမေးပွဲများ စစ်ဆေးပါသည်။
Practical များကို Job အလိုက် ပြုလုပ်စေကာ Job တခု ပြီးမြောက်ပါက စစ်ဆေး၍ အမှတ်များပေးကာ မှတ်တမ်းများထားရှိစေပါသည်။

Grading System

  • 81-100  Grade “A”
  • 61-80   Grade “B”
  • 41-60   Grade “C”
  • 21-40   Grade “D”
  • 0-20     Grade “E” 

ကျောင်းဝင်ခွင့်သတ်မှတ်ချက်

       G.T.I ကျောင်းသို့ တက်ရောက်လိုလျှင် ၀င်ခွင့်စာမေးပွဲဖြေဆိုရန် မလိုပါ။ တက္ကသိုလ်၀င်တန်းအောင်မြင်ပြီးသူများသည် မည်သည့်နှစ်တွင် မဆို အောင်မြင် ပြီးသူဖြစ်ရမည်။ အသက် ကန့်သတ်ချက်မရှိပါ။ အင်္ဂလိပ် နှင့် သင်္ချာ (၂) ဘာသာပေါင်းရမှတ်ကို မူတည်၍ ၀င်ခွင့်ကို ခေါ်ပါသည်။ G.T.H.S မှ အောင်မြင်ပြီးသူများလည်း သတ်မှတ် အရည်အချင်းပြည့်မှီပါက လျှောက်ထားနိုင်ပါသည်။ အသက် ကန့်သတ်ချက်မရှိပါ။ သင်တန်းတခုတွင် ကျောင်းသား/သူဦးရေ (၄၀) သတ်မှတ်ပြီး ၀င်ခွင့်ကို ခေါ်ယူပါသည်။

အလုပ်အကိုင်အခွင့်အလမ်း

       A.G.T.I (Electronic) ဒီပလိုမာ ရရှိအောင်မြင်သူများသည် သက်ဆိုင်ရာ မိမိ တက်ကျွမ်းသော ပညာရပ်များဖြင့် ဆက်လက် အသက်မွေးနိုင်ကြပါသည်။ ၀န်ကြီးဌာနများ၊ စက်ရုံများတွင်၎င်း၊ ပြည်ပနိုင်ငံများတွင် Technician များအဖြစ်၎င်း သွားရောက် အလုပ် လုပ်ကိုင်နိုင်ကြပါသည်။ ဆက်လက်၍ အဆင့်မြင့်သော ပညာများကို ဆည်းပူး၍ လည်း နိုင်ငံအကျိုးအတွက်သော်၎င်း၊ မိမိ၏ မိသားစုများ အတွက် သော်၎င်း၊ ၀င်ငွေများစွာကို ရှာဖွေပေးနိုင်သော အင်ဂျင်နီယာကောင်းများအဖြစ်ကောင်းမွန်စွာရပ်တည်နိုင်ပါသည်။