Breaking News

ရည်ရွယ်ချက်

အစိုးရ စက်မှုလက်မှု သိပ္ပံ(မန္တလေး) ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ
(က) ဒေသတွင်း လူငယ်လူရွယ်များအား အသက်မွေးဝမ်းကြောင်းပြုနိုင်သည့်နည်းပညာဘာသာရပ်များ လေ့ကျင့်သင်ကြားပေးနိုင်ရန်။
(ခ) ကျွမ်းကျင်တတ်မြောင်သည့် နည်းပညာရှင် လူ့စွမ်းအား အရင်း အမြစ်များမွေးထုတ်ပေးနိုင်ရန်။

ကျောင်းမှ ပံ့ပိုးပေးထားမှုများနှင့် ဝန်ဆောင်မှုများ

အစိုးရ စက်မှုလက်မှုသိပ္ပံ(မန္တလေး)မှ လစဉ်ပညာသင်ထောက်ပံကြေးအား ကျောင်းသား(၁)ဦးလျှင် (၁)လ(၃၀၀၀၀ိ/−) ထောက်ပံ့ပေးပါသည်။ ပညာသင်ယူနေစဉ် အတွင်း လက်တွေ့ ကျွမ်းကျင်မှု လုပ်ငန်းအတွေ့ အကြုံရရှိစေရန် သက်ဆိုင်ရာ သင်တန်းအလိုက် ပုဂ္ဂလိက လုပ်ငန်းအချို့တွင် ဝင်ရောက်လေ့လာသင်ယူနိုင်စေရေးအတွက် လည်းဆောင်ရွက်ပေးပါသည်။

ကျောင်းပြီးဆုံးပါက အနာဂတ် အခွင့်အလမ်းများ

ကျောင်းပြီးဆုံးပါက အထူးအောင်မြင်သူများအတွက် နည်းပညာတက္ကသိုလ်များသို့ ဆက်လက် ပညာသင်ကြားခွင့်ရရှိပြီး ရိုးရိုးအောင်မြင်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်း များ ရရှိစေရေးအတွက် ပုဂ္ဂလိကလုပ်ငန်း အချို့နှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်‌ ပေးပါသည်။