Breaking News

နောက်ခံသမိုင်းကြောင်း

   အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)အား ၁၉၅၅ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု ကိုယ်တိုင်ဖွင့်လှစ်ခဲ့ပါသည်။ စတင်ဖွင့်လှစ်ခဲ့သည့်တည်နေရာမှာ လမ်း(၃၀)နှင့်(၃၁)လမ်းကြား၊ (၆၈)လမ်းနှင့်(၇၀)ကြား ပတ်ကုန်းပျော်ဘွယ်ရပ်၊ ချမ်းအေးသာစံမြို့နယ် ၊ မန္တလေးတိုင်းဒေသကြီး တွင်ဖြစ်ပါသည်။

   ၁၉၅၅ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့သောအစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)အား ၁၉၉၉ခုနှစ် သြဂုတ်လ(၂၀)ရက်နေ့တွင် နည်းပညာကောလိပ်အဖြစ် အဆင့်တိုးမြှင့်ခဲ့ပြီး အဆိုပါနည်းပညာကောလိပ်ကို ၂၀၀၂ခုနှစ် အောက်တိုဘာလ(၂၂)ရက်နေ့တွင် နည်းပညာတက္ကသိုလ်(မန္တလေး) တည်ရှိရာမြေနေရာ အဆောက်အဦးများသို့ ပြောင်းရွှေ့ပြီး နည်းပညာတက္ကသိုလ်(မန္တလေး)အဖြစ် ထပ်မံအဆင့်တိုးမြှင့်ခဲ့ပါသည်။

      ၁၉၅၅ခုနှစ်တွင် လမ်း(၃၀)၌စတင်ဖွင့်လှစ်ခဲ့သော အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)အား ၁၉၉၉ခုနှစ်တွင် အစိုးရနည်းပညာကောလိပ်(မန္တလေး)သို့ လည်းကောင်း၊ အစိုးရနည်းပညာကောလိပ် (မန္တလေး)မှ အစိုးရနည်းပညာတက္ကသိုလ်(မန္တလေး)သို့ လည်းကောင်း အဆင့်တိုးမြှင့်ဖွင့်လှစ် ခဲ့ပြီးနောက် ၁၉၉၉ခုနှစ်နောက်ပိုင်း ဖွင့်လှစ်ခဲ့ခြင်းမရှိသော အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး)အား ၂၀၁၆ခုနှစ် ၊ ဇန်နဝါရီလ(၂၆)ရက်နေ့မှစ၍ (၆၉)လမ်းနှင့်(၇၀)လမ်းကြား၊ (၂၈)လမ်းထောင့်တွင် အစိုးရ စက်မှုလက်မှုသိပ္ပံ(မန္တလေး)အဖြစ် စတင်ဖွင့်လှစ်၍ အင်ဂျင်နီယာဘာရပ်များသင်ကြားခဲ့ပါသည်။ ၂၀၂၂ခုနှစ်ဇွန်လ(၂၉)ရက်နေ့မှစ၍ လမ်း(၇၀)နှင့် (၂၈)လမ်းထောင့်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး) အားအစိုးရနည်းပညာကောလိပ်(မန္တလေး) အဖြစ်တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။