Breaking News

Website Administration Training မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနား

0 0

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊နည်းပညာ၊သက်မွေးပညာလေ့ကျင့်ရေးဦးစီဌာနရှိ ကောလိပ်၊သိပ္ပံ၊ ကျောင်းနှင့်သက်မွေးပညာသင်တန်းကျောင်းများ၏ Website(71) ခုတွင် လုံခြုံစိတ်ချပြီး မှန်ကန်သောသတင်းအလက်များ စနစ်တကျစဉ်ဆက်မပြတ် update ပြုလုပ်ပြီး လွှင့်တင်နိုင်စေရန်နှင့် Website ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်နိုင်စေရန်အတွက် လိုအပ်သည့် Website Administration Training မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ့်၊ ‌ဖေဖော်ဝါရီလ ၊ (၂၁)ရက်နေ့ မနက်(၁၀:၀၀)နာရီတွင် online မှတဆင့် ကျင်းပခဲ့ရာ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နည်းပညာ၊ သက်မွေးပညာလေ့ကျင့်ရေးဦးစီဌာနမှ ဒုညွှန်းကြားရေးမှူးချုပ် ဒေါက်တာဉာဏ်ဝင်းသန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ဒုညွှန်းကြားရေးမှူးချုပ်နှင့်အတူ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ e-Government ဌာနခွဲမှ တာဝန်ရှိသူများနှင့် သင်ကြားမည့် ဆရာ၊ဆရာမများ ၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီဌာနရှိ တာဝန်ရှိသူများ ၊ ကျောင်းအုပ်ကြီးများနှင့် သက်ဆိုင်ရာကျောင်းများမှ Website Administrator အဖြစ်တာဝန်ယူဆောင်ရွက်ကြမည့် ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းကို online မှ သင်ကြားပို့ချမည်ဖြစ်ပြီး ရက်သတ္တပတ်(၅) ပတ်ကြာသင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleppy
Sleppy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်