Breaking News

ကန်တော်နဒီဆေးရုံသို့ Covid 19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းအတွက် အထောက်အကူပြုပစ္စည်းများလှူဒါန်းခြင်

0 0

အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး)သည် Novel Corona Virus Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်အတွက် ဆရာဝန်၊ သူနာပြုနှင့်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်လုပ်သားများလိုအပ်လျက်ရှိသော အဝေးထိန်း Trolley များကို ကန်တော်နဒီဆေးရုံ (မန္တလေး)သို့ (၃၀.၄.၂၀၂၀)ရက်နေ့က ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်ကျော်မြင့်နှင့်အဖွဲ့က သွားရောက်လှူဒါန်းခဲ့ရာ ဆေးရုံအုပ်ကြီး၊ ဆရာဝန်၊ သူနာပြုများနှင့်သက်ဆိုင်ရာ ပုဂ္ဂိုလ်များမှ လက်ခံစမ်းသပ်မောင်းနှင်ခဲ့ကြပြီး ကန်တော်နဒီဆေးရုံမှ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။

 အဆိုပါ အဝေးထိန်း Trolley များကို အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)မှ ဆရာ/ဆရာမများနှင့်စိတ်ပါဝင်စားစိတ်အားထက်သန်ကြသောကျောင်းသားကျောင်းသူများက သင်္ကြန်တွင်း Covid-19 ကာလအတွင်း လုပ်ငန်းလိုအပ်ချက်အတွက် ဆက်စပ်ပစ္စည်းများ ဝယ်မရသည့် ကြားကပင် မိမိတို့ ရှိသည့် ပစ္စည်းများဖြင့် ရှေ့တန်းတိုက်စစ်မှူးကျန်းမာရေးဝန်ထမ်းများအတွက် မိမိတို့ရှိသမျှအင်အားအကုန်ထုတ်သုံးပြီး တီထွင်ဖန်တီးလုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ပါသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleppy
Sleppy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်