Breaking News

ကြက်ခြေနီ(ရှေးဉီးပြုစုခြင်း)အခြေခံသင်တန်းဖွင့်လှစ်ခြင်း

     အစိုးရနည်းပညာကောလိပ်(မန္တလေး)တွင် (၂၅.၂.၂၀၂၃ မှ ၂၇.၂.၂၀၂၃ ထိ) ကြက်ခြေနီ(ရှေးဉီးပြုစုခြင်း) အခြေခံသင်တန်း ကို ကြက်ခြေနီအသင်း၊မန္တလေးတိုင်းဒေသကြီးမှ ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ ထိုသင်တန်းတွင် ဆရာ/မ များ၊ ကျောင်းသား/သူများ နှင့် ဝန်ထမ်းများအပါအဝင် သင်တန်းသား(၆၀) ဦးတက်ရောက်ခဲ့ပါသည်။သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ရွေးချယ်၍ မန္တလေးတိုင်းဒေသကြီးကြက်ခြေနီအသင်းကြီးမှ ဆုများပေးအပ်ခဲ့ပါသည်။