Breaking News

ကြက်ခြေနီ(ရှေးဉီးပြုစုခြင်း)အခြေခံသင်တန်းဖွင့်လှစ်ခြင်း

     အစိုးရနည်းပညာကောလိပ်(မန္တလေး)တွင် (၂၅.၂.၂၀၂၃ မှ ၂၇.၂.၂၀၂၃ ထိ) ကြက်ခြေနီ(ရှေးဉီးပြုစုခြင်း) အခြေခံသင်တန်း ကို ကြက်ခြေနီအသင်း၊မန္တလေးတိုင်းဒေသကြီးမှ ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ ထိုသင်တန်းတွင် ဆရာ/မ များ၊ ကျောင်းသား/သူများ နှင့် ဝန်ထမ်းများအပါအဝင် သင်တန်းသား(၆၀) ဦးတက်ရောက်ခဲ့ပါသည်။သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ရွေးချယ်၍ မန္တလေးတိုင်းဒေသကြီးကြက်ခြေနီအသင်းကြီးမှ ဆုများပေးအပ်ခဲ့ပါသည်။

TTK (စက်နှင့်စက်အပိုပစ္စည်းရောင်းဝယ်ရေး)Companies မှအလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာဆွေးနွေး မိတ်ဆက် ခြင်း

     အစိုးရနည်းပညာကောလိပ်(မန္တလေး)ကျောင်းရှိ Mechanical Engineering ကျောင်းသားများအတွက်TTK (စက်နှင့်စက်အပိုပစ္စည်းရောင်းဝယ်ရေး)Companiesမှအလုပ်အကိုင်အခွင့်အလမ်းများ၊Companies၏လုပ်ဆောင် ချက်များနှင့် ဆက်လက်ဆောင်ရွက်ရှိသည်များကိုရှင်းလင်းဆွေးနွေး၍ လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ပါသည်။

UMG Group Companies မှ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာမိတ်ဆက်ဟောပြောပွဲ

အစိုးရနည်းပညာကောလိပ်(မန္တလေး)ကျောင်းရှိ Engineer ကျောင်းသူ/သားများအတွက် UMG Companies မှ စာတွေ့ လက်တွေ့လုပ်ငန်းခွင်သင်တန်းများ နှင့် အလုပ်အကိုင် အခွင့်အလမ်းများအကြောင်းအား ၁၇.၂.၂၀၂၃ (သောကြာနေ့) နေ့လယ် ၁၂ နာရီတွင် အစိုးရနည်းပညာကောလိပ် (မန္တလေး)ကျောင်း၌ ရှင်းလင်း ဟောပြောခဲ့ ပါသည်။ ထိုဟောပြောပွဲသို့ အစိုးရနည်းပညာကောလိပ် (မန္တလေး)မှ ကျောင်းအုပ်ကြီး၊ဌာနမှူးများနှင့်နောက်ဆုံးနှစ်...