Breaking News

စက်မှုအင်ဂျင်နီယာဌာနကျောင်းသားများ ၏ Presentation

အစိုးရနည်းပညာကောလိပ်(မန္တလေး)၊ စက်မှုအင်ဂျင်နီယာဌာန၊ တတိယနှစ်(နောက်ဆုံးနှစ်) ကျောင်းသား/ကျောင်းသူ များ၏ စက်ရုံ၊အလုပ်ရုံများသို့ Industrial Training (၃)လ သွား‌ရောက် ကွင်းဆင်းပြီး သင်ယူလေ့လာခဲ့သည်များကို Power Point Presentation ပြုလုပ်ပြီး ဌာနမှူးနှင့်တကွ ဌာနမှ ဆရာ/ဆရာမများမှ ပြန်လည် ဆွေးနွေး သုံးသပ်ပြခဲ့ပါသည်။ 3G Mech Seminar...

ကြက်ခြေနီ(ရှေးဉီးပြုစုခြင်း)အခြေခံသင်တန်းဖွင့်လှစ်ခြင်း

     အစိုးရနည်းပညာကောလိပ်(မန္တလေး)တွင် (၂၅.၂.၂၀၂၃ မှ ၂၇.၂.၂၀၂၃ ထိ) ကြက်ခြေနီ(ရှေးဉီးပြုစုခြင်း) အခြေခံသင်တန်း ကို ကြက်ခြေနီအသင်း၊မန္တလေးတိုင်းဒေသကြီးမှ ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ ထိုသင်တန်းတွင် ဆရာ/မ များ၊ ကျောင်းသား/သူများ နှင့် ဝန်ထမ်းများအပါအဝင် သင်တန်းသား(၆၀) ဦးတက်ရောက်ခဲ့ပါသည်။သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ရွေးချယ်၍ မန္တလေးတိုင်းဒေသကြီးကြက်ခြေနီအသင်းကြီးမှ ဆုများပေးအပ်ခဲ့ပါသည်။

TTK (စက်နှင့်စက်အပိုပစ္စည်းရောင်းဝယ်ရေး)Companies မှအလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာဆွေးနွေး မိတ်ဆက် ခြင်း

     အစိုးရနည်းပညာကောလိပ်(မန္တလေး)ကျောင်းရှိ Mechanical Engineering ကျောင်းသားများအတွက်TTK (စက်နှင့်စက်အပိုပစ္စည်းရောင်းဝယ်ရေး)Companiesမှအလုပ်အကိုင်အခွင့်အလမ်းများ၊Companies၏လုပ်ဆောင် ချက်များနှင့် ဆက်လက်ဆောင်ရွက်ရှိသည်များကိုရှင်းလင်းဆွေးနွေး၍ လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ပါသည်။

အစိုးရနည်းပညာကောလိပ် (မန္တလေး)ကျောင်း တည်ဆောက်ရေးလုပ်ငန်းခွင်သို့သွားရောက်လေ့လာခြင်း

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ABC Development Co.Ldt; မှ တည်ဆောက်လျှက်ရှိသော အစိုးရနည်းပညာကောလိပ်(မန္တလေး)ကျောင်း တည်ဆောက်ရေးလုပ်ငန်းခွင်သို့ မြို့ပြအင်ဂျင်နီယာဌာနမှ ဆရာ/ ဆရာမများနှင့်တတိယနှစ် ကျောင်းသား/သူများသည် (၂၅.၁.၂၀၂၃) ရက်နေ့တွင် သွားရောက်လေ့လာခဲ့ပါသည်၊၊ ABC Development Co.Ldt; ရှိ တာဝန်ရှိသူများမှ တည်ဆောက်ရေးနှင့်ပတ်သတ်သော လက်တွေ့လုပ်ဆောင်မှု့များအား ရှင်းလင်းပြသခဲ့ပါသည်။

အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်ခြင်း

အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)၏ အင်္ဂလိပ်စာဌာနမှ English Writing Skill Development Training အပတ်စဉ် (၁/၂၀၂၀) ကို ကျောင်းအုပ်ဆရာကြီးဒေါက်တာကျော်ကျော်မြင့်၏ လမ်းညွှန်မှုဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)၌ (၂)ပတ်သင်တန်းအဖြစ် (၂၂-၆-၂၀၂၀)ရက်နေ့မှစတင်ကျင်းပရာ သင်တန်းနည်းပြအဖြစ် အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး) ၏ အင်္ဂလိပ်စာဌာနမှ ဌာနမှူး ဒေါ်ဖြူဖြူစိုးက ဦးဆောင် သင်ကြားပေးလျက်ရှိကြောင်းနှင့် သင်ကြားရေးဆိုင်ရာ ဆရာ/ဆရာမစုစုပေါင်း (၂၅)...

သွေးလှူဒါန်းပွဲ ကျင်းပခြင်

မန္တလေးGTIကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ ပထမအကြိမ် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး) ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်ကျော်မြင့်(နာယကြီး၊ မန္တလေးGTIကြက်ခြေနီအသင်းခွဲ)၏ လမ်းညွှန်မှုဖြင့် မန္တလေးGTIကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)၏ ပထမအကြိမ်စုပေါင်းသွေးလှူဒါန်းပွဲကို 5.3.2020(ကြာသပတေး)နေ့တွင် အမျိုးသားသွေးလှူဘဏ်နှင့် ပူပေါင်း၍ ပြုလုပ်ခဲ့ပါသည်။ စေတနာ့သွေးလှူရှင် ၁၀၆ဦးမှ သွေးလှူဒါန်းခဲ့ပါသည်။